၂၀.၁.၂၀၂၀ ( နေ့လည် ၁၂ နာရီ ၂၅ မိနစ်) လက်ဘနွန်တွင် ရဲတပ်ဖွဲ့နှင့် ဆန္ဒပြသူများအကြား ရုန်းရင်းဆန်ခတ်မှု ဖြစ်ပွားခဲ့ပြီး လူပေါင်း ၂၂၀ ကျော် ထိခိုက်ဒဏ်ရာရ


အစိုးရဆန့်ကျင်ဆန္ဒပြမှုများ လုပ်ဆောင်ခဲ့သည့် သုံးလအတွင်း လူအရေအတွက် အများဆုံးပါဝင်သော ဆန္ဒပြမှုတစ်ခု ဇန်နဝါရီ ၁၈ ရက်က လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့၌ ဖြစ်ပွားခဲ့ပြီး ဆန္ဒပြမှုအတွင်း ရဲ တပ်ဖွဲ့နှင့်ဆန္ဒပြသူများအကြား ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပွားခဲ့ခြင်းကြောင့် နှစ်ဖက်စလုံးမှ လူ ၂၂၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဘေရွတ်မြို့တစ်ဝန်းတွင် လူနာတင်ယာဉ်၏ အချက်ပေးဥသြသံများဖြင့် ဆူညံလျက်ရှိနေပြီး ရုန်းရင်းဆန်ခတ်မှုအတွင်း ဒဏ်ရာရခဲ့သူ ၈၀ ကို ဆေးရုံသို့ ပို့ဆောင်ပေး ထားပြီး လူ ၁၄၀ ကျော်ကို ဆန္ဒပြမှုလုပ်ဆောင် ရာနေရာ၌ပင် ဆေးကုသပေးခဲ့ကြောင်း ကြက်ခြေနီအဖွဲ့က ပြောကြားထားသည်။

ဆန္ဒပြလှုပ်ရှားမှုသည် အောက်တိုဘာ ၁၇ ရက်ကတည်းက လက်ဘနွန်တွင် ဖြစ်ပွား ခဲ့ခြင်းဖြစ်ကာ နိုင်င့ံစီးပွားရေးအကျပ်အတည်း ဖြစ်နေခြင်းက အစိုးရအဖွဲ့သစ် ဖွဲ့စည်းမည့် ကိစ္စအပေါ် ဖိအားတိုးနေစဉ် ယခုသီတင်း ပတ်အတွင်း ဆန္ဒပြမှုများ တစ်ကျော့ပြန် ဖြစ် ပွားခဲ့ခြင်းဖြစ်သည်။

အစိုးရအဖွဲ့ ဖွဲ့စည်းရာတွင် အမှီအခို ကင်းသော ကျွမ်းကျင်ပညာရှင်များဖြင့်သာ ဖွဲ့စည်းရန်နှင့် ထူထောင်ပြီးဖြစ်သော နိုင်ငံ ရေးပါတီများအားလုံးကို ဖယ်ထုတ်ထားရန် ဆန္ဒပြသူများက တောင်းဆိုထားသည်။ သို့ သော် အစိုးရအဖွဲ့ ဖွဲ့စည်းခြင်းကို အပြီးသတ် လုပ်ဆောင်ရန် မည်သည့်လုပ်ငန်းစဉ်မျှ စ တင်ရခြင်းမရှိသေးပေ။

ဇန်နဝါရီ ၁၈ ရက် ဘေရွတ်မြို့၌ ဆန္ဒပြ မှုအတွင်း ဒါဇင်နှင့်ချီသော ဆန္ဒပြသူများ သည် ပါလီမန်အဆောက်အအုံသို့ သွား ရောက်ရာလမ်းမထက်တွင် လုံခြုံရေးပေးနေ သည့် ရဲတပ်ဖွဲ့ဝင်များအား ကျောက်ခဲများ၊ အပင်စိုက်အိုးကြီးများဖြင့် ပစ်ပေါက်ခဲ့ကြပြီး နောက် အကြမ်းဖက်ပဋိပက္ခ စတင်ဖြစ်ပွား လာခဲ့ခြင်းဖြစ်သည်။ ဆန္ဒပြသူအချို့သည် ရဲတပ်ဖွဲ့ဝင်များအား ယာဉ်စည်းကမ်း လမ်း ညွှန်သတိပေးဆိုင်းဘုတ်များ၊ သတ္တုပစ္စည်း များဖြင့် တိုက်ခိုက်ခဲ့ကြသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ချထား သောအတားအဆီးများနောက်မှနေ၍ ဆန္ဒ ပြလူအုပ်အား လူစုခွဲရန် ရေအမြောက်၊ မျက် ရည်ယိုဓာတ်ငွေ့တို့ အသုံးပြုခြင်းဖြင့် တုံ့ပြန် ခဲ့ကြသည်။ ဆန္ဒပြသူများသည် ရဲတပ်ဖွဲ့ ဝင်များထံ ဗြောက်အိုးများ ပစ်လွှတ်ကြခြင်း နှင့်အတူ အကြမ်းဖက်ပဋိပက္ခဆန်သော ဆန္ဒပြ မှုသည် နေဝင်ရီတရောအချိန် ကျော် လွန်ပြီးနောက် ဆက်လက်ဖြစ်ပွားခဲ့သည်။

ရုန်းရင်းဆန်ခတ်မှုများ နာရီပေါင်းများ စွာ ဖြစ်ပွားခဲ့ပြီးနောက်တွင် ဆန္ဒပြသူများ လူစုကွဲသွားပြီး အကြမ်းဖက်ဆန်သော ပဋိ ပက္ခလည်း အရှိန်လျော့ကျသွားခဲ့ကြောင်း၊ လူအများအပြား ဖမ်းဆီးခံထားရကြောင်း ဒေ သတွင်းသတင်းမီဒီယာက ထုတ်ပြန်ခဲ့သည်။

ဝန်ကြီးအဖွဲ့ ဖွဲ့စည်းခြင်းသည် လက်ဘနွန်နိုင်ငံတွင် ရှုပ်ထွေးခက်ခဲလွန်းသော လုပ်ငန်းစဉ်တစ်ရပ်ဖြစ်နေသည်။ သို့သော် ဆန္ဒပြသူများသည် စနစ်ဟောင်းကို ပယ်ဖျက် ရန်ဆန္ဒရှိကြောင်း ပြောကြားနေကြကာ ငွေ ကြေးအကျပ်အတည်းဖြစ်မှုအပါအဝင် နိုင်ငံ ၏ စီးပွားရေးကျဆင်းမှုတို့ကို ရင်ဆိုင်ဖြေရှင်း ရန် သမာသမတ်ကျသောပညာရှင်များပါဝင် သည့်အစိုးရအဖွဲ့သစ် ဖွဲ့စည်းရန် တောင်းဆို ထားကြသည်။

အောက်တိုဘာ ၂၉ ရက်တွင် လမ်းပေါ် ထွက်ဆန္ဒပြမှုများဖြစ်ပွားခဲ့ပြီးနောက် လက်ဘနွန်ဝန်ကြီးချုပ် ဟာရီရီနှင့် ၎င်းး၏အစိုးရ အဖွဲ့ ရာထူးမှနုတ်ထွက်သွားခဲ့သော်လည်း ၎င်းတို့သည် ဝန်ကြီးအဖွဲ့သစ် မဖွဲ့စည်းမီ အ ချိန်ထိ အိမ်စောင့်အစိုးရအဖြစ် အာဏာလက်ကိုင်ရှိနေကြဆဲဖြစ်သည်။  

Comments

Popular posts from this blog

၂၀.၁.၂၀၂၀ ( နေ့လည် ၁၂ နာရီ ၃၇ မိနစ်) တရုတ် ဗိုင်းရပ်စ်ဆန်း မြို့ကြီးများဆီ ကူးစက်ပျံ့နှံ့ ၊ နောက်ထပ် လူ ၁၄၀ နီးပါး ထပ်မံကူးစက်ခံထားရ

၂၂.၁.၂၀၂၀ ( နံနက် ၈ နာရီ ၃၄ မိနစ် ) ‌စစ်ရေးလေ့ကျင့် မှုပူးတွဲစတင်ခဲ့ကြတဲ့ အီရန်၊ ရုရှား နှင့် တရုတ်နိုင်ငံတို့မှရေတပ်ဖွဲ့ဝင်များ