၂၀.၁.၂၀၂၀ ( နေ့လည် ၁၂ နာရီ ၃၇ မိနစ်) တရုတ် ဗိုင်းရပ်စ်ဆန်း မြို့ကြီးများဆီ ကူးစက်ပျံ့နှံ့ ၊ နောက်ထပ် လူ ၁၄၀ နီးပါး ထပ်မံကူးစက်ခံထားရ


ဇန်နဝါရီ ၂၀။ ။ တရုတ်နိုင်ငံတွင် SARS ရောဂါပိုးနှင့် ဆက်နွယ်သည့် နမိုးနီးယား ဗိုင်းရပ်စ်ပိုးသစ်တစ်မျိုးကြောင့် တတိယမြောက် လူနာတစ်ဦး ထပ်မံ သေဆုံးသွားခဲ့ပြီး ယခုအခါ ယင်းရောဂါပိုးသည် နိုင်ငံတစ်ဝန်း ကူးစက်ပျံ့နှံ့လာခဲ့ပြီ ဖြစ်ကြောင်း သိရသည်။

SARS ရောဂါပိုးနှင့် ဆက်နွယ်သည့် ရောဂါပိုးဆန်းတစ်မျိုးကြောင့် တရုတ်၌ ဒုတိယမြောက် လူတစ်ဦး သေဆုံးပြန်
နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့တွင် ကနဦး စတင်ကူးစက်ဖြစ်ပွားခဲ့သော အဆိုပါ အဆုတ်ရောင် ရောဂါဗိုင်းရပ်စ်ဆန်းသည် ယခုအခါ မြို့တော် ပေကျင်းအပါအဝင် အခြား မြို့များဆီ ကူးစက်ပျံ့နှံ့နေပြီဖြစ်ကြောင်း အာဏာပိုင် များက ဇန်နဝါရီ ၂၀ ရက်တွင် ပြောသည်။

နှစ်ရက်တာအတွင်းမှာပင် နောက်ထပ် လူ ၁၃၉ ဦး ယင်းဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရသည်ကို ထပ်မံတွေ့ရှိခဲ့ကြောင်း သိရသည်။

ယင်းအတွက်ကြောင့် နိုင်ငံတွင် အဆိုပါ နမိုးနီးယား ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ စုစုပေါင်း ဦးရေမှာ ယခုအခါ ၂၀၁ ဦးအထိ ရှိသွားပြီ ဖြစ်သည်။

ယခု ဖြစ်ပွားနေသော ကိုရိုနာ ဗိုင်းရပ်စ်ပိုး အမျိုးအစားသည် ယခင် ဖြစ်ပွားထားခဲ့ဖူးသော SARS ရောဂါပိုးနှင့် ဆက်နွယ်နေသည့်အတွက်ကြောင့်လည်း လက်ရှိအချိန်တွင် တရုတ်ပြည်သူများအကြား စိုးရိမ်ပူပန်မှုများ မြင့်တက်လျက် ရှိသည်။

ပြင်းထန် အဆုတ်ရောင် ရောဂါ (ဆားစ်-SARS) သည် လွန်ခဲ့သည့် ၂၀၀၂ ၊ ၂၀၀၃ ခုနှစ်တွင် တရုတ်ပြည်မကြီးနှင့် ဟောင်ကောင်တွင် ကူးစက်ပျံ့နှံ့ခဲ့ပြီး လူပေါင်း ၆၅၀ နီးပါး သေဆုံးခဲ့ရသည်။


Comments

Popular posts from this blog

၂၀.၁.၂၀၂၀ ( နေ့လည် ၁၂ နာရီ ၂၅ မိနစ်) လက်ဘနွန်တွင် ရဲတပ်ဖွဲ့နှင့် ဆန္ဒပြသူများအကြား ရုန်းရင်းဆန်ခတ်မှု ဖြစ်ပွားခဲ့ပြီး လူပေါင်း ၂၂၀ ကျော် ထိခိုက်ဒဏ်ရာရ

၂၂.၁.၂၀၂၀ ( နံနက် ၈ နာရီ ၃၄ မိနစ် ) ‌စစ်ရေးလေ့ကျင့် မှုပူးတွဲစတင်ခဲ့ကြတဲ့ အီရန်၊ ရုရှား နှင့် တရုတ်နိုင်ငံတို့မှရေတပ်ဖွဲ့ဝင်များ