၁၄.၁.၂၀၂၀ ( နံနက် ၁၁ နာရီ ၃၀မိနစ်) ထိုင်ဝမ်နှင့်ပတ်သက်သော ရပ်တည်ချက်မပြောင်းလဲကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်


ထိုင်ဝမ်သည် ၎င်းတို့ပိုင်နက်ဖြစ်သည်ဆိုသည့် ရပ်တည်ချက်ကို ပြောင်းလဲမည်မဟုတ်ဘဲ တစ်ကမ္ဘာလုံးသည် တရုတ်တစ်နိုင်ငံတည်းဝါဒကို လက်ခံလာရမည်ဖြစ်ကြောင်း တရုတ်အစိုးရက ထိုင်ဝမ်သမ္မတ ဆိုင်အင်ဝမ် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့ပြီးနောက် ဇန်နဝါရီ ၁၂ ရက်တွင် ထုတ်ပြန်ပြောဆိုခဲ့သည်။
ဟောင်ကောင်တွင် ကျင့်သုံးနေသည့် တစ်နိုင်ငံစနစ်နှစ်ခုကို ထိုင်ဝမ်လက်ခံလာရေး တရုတ်အစိုးရသည် နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်းလျက်ရှိနေသည်။ ထိုင်ဝမ်နှင့် ပြည်သူများသည် တရုတ်၏ ခြိမ်းခြောက်မှုများကြောင့် အလျှော့ပေးမည်မဟုတ်ကြောင်း ဆိုင်က ရွေးကောက်ပွဲတွင် အနိုင်ရရှိပြီးနောက် ပြောဆိုခဲ့သည်။

ထိုင်ဝမ်အရေးသည် တရုတ်၏ ပြည်တွင်းရေးသာဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောဆိုခဲ့သည်။ ထိုင်ဝမ်ပြည်တွင်းရေးတွင် မည်သည့်အပြောင်းအလဲများရှိပါစေ တရုတ်တစ်နိုင်ငံတည်းသာရှိပြီး ထိုင်ဝမ်သည် တရုတ်၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်ဆိုသည့် အခြေခံအချက်သည် ပြောင်းလဲသွားမည်မဟုတ်ကြောင်း ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ထို့ပြင် တရုတ်အစိုးရသည် တရုတ်တစ်နိုင်ငံတည်း မူဝါဒကိုပြောင်းလဲစရာမရှိဘဲ ထိုင်ဝမ်၏ လွတ်လပ်ရေး ကြိုးပမ်းမှုမှန်သမျှကို ဆန့်ကျင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ခွဲထွက်ရေးလုပ်ဆောင်မှုများကို တရုတ်ပြည်သူများက ဆန့်ကျင်ပြီး အမျိုးသားပြန်လည်ရင်ကြားစေ့ရေး လုပ်ဆောင်ချက်များကို တစ်ကမ္ဘာလုံးက နားလည်လက်ခံပေးလိမ့်မည်ဟု မျှော်လင့်ကြောင်း ဝန်ကြီးဌာနက ပြောဆိုခဲ့သည်။

ထိုင်ဝမ်အတွက် တစ်နိုင်ငံစနစ်နှစ်ခုကို ကျင့်သုံးလာရေး ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း တရုတ်၏ ထိုင်ဝမ်ရေးရာရုံးကလည်း ဇန်နဝါရီ ၁၂ ရက်တွင် အလားတူထုတ်ပြန်ခဲ့သည်။ ဆိုင်သည် တစ်နိုင်ငံစနစ်နှစ်ခုကို ပြတ်ပြတ်သားသား ငြင်းပယ်ခဲ့ပြီးဖြစ်သည်။

Comments

Popular posts from this blog

၂၀.၁.၂၀၂၀ ( နေ့လည် ၁၂ နာရီ ၂၅ မိနစ်) လက်ဘနွန်တွင် ရဲတပ်ဖွဲ့နှင့် ဆန္ဒပြသူများအကြား ရုန်းရင်းဆန်ခတ်မှု ဖြစ်ပွားခဲ့ပြီး လူပေါင်း ၂၂၀ ကျော် ထိခိုက်ဒဏ်ရာရ

၂၀.၁.၂၀၂၀ ( နေ့လည် ၁၂ နာရီ ၃၇ မိနစ်) တရုတ် ဗိုင်းရပ်စ်ဆန်း မြို့ကြီးများဆီ ကူးစက်ပျံ့နှံ့ ၊ နောက်ထပ် လူ ၁၄၀ နီးပါး ထပ်မံကူးစက်ခံထားရ

၂၂.၁.၂၀၂၀ ( နံနက် ၈ နာရီ ၃၄ မိနစ် ) ‌စစ်ရေးလေ့ကျင့် မှုပူးတွဲစတင်ခဲ့ကြတဲ့ အီရန်၊ ရုရှား နှင့် တရုတ်နိုင်ငံတို့မှရေတပ်ဖွဲ့ဝင်များ