၂၀.၁.၂၀၂၀ ( နေ့လည် ၃ နာရီ ၈ မိနစ် ) ချာတာဥယျဥ်တွင် ဆန္ဒပြကြသော ထောင်နဲ့ချီသော လူဦးရေကို ရဲတပ်ဖွဲ့များက ဖမ်းဆီးခဲ့


ဒီမိုကရေစီအရေး ပြုပြင်ပြောင်းလဲရေးအတွက် ဟောင်ကောင် ချာတာဥယျာဉ်မှာ ဇန်နဝါရီ ၁၉ ရက်က လူဦးရေ ထောင်နဲ့ချီ ဆန္ဒပြခဲ့ကြပြီး ရဲတွေက လူအတော်များများကို ဖမ်းခဲ့ပါတယ်။

ဒီပွဲကို စီစဉ်သူတွေက ကွန်မြူနစ်ဝါဒီတွေကို ဝန်းရံလုပ်ကြံခြင်းလို့ နာမည်ပေးထားပြီး ရဲတွေရဲ့ ရက်စက်မှုတွေကို ဆန့်ကျင် ဟောပြောခဲ့ကြတာပါ။

ဆန္ဒပြသူတွေဟာ အစောပိုင်းက မြို့တလျှောက်လမ်းတွေပေါ် ချီတက်ဖို့ ရည်ရွယ်ခဲ့တာပါ။

အရင်ချီတက်ပွဲတွေတုန်းက လုံခြုံရေးဆိုင်ရာ ဘေးအန္တရာယ်တွေနဲ့ ရုန်းရင်းဆန်ခတ်မှုတွေ ဖြစ်ခဲ့ဖူးလို့ ချီတက်တာ မလုပ်ဖို့ ရဲတွေက တားမြစ် ပိတ်ပင်ထားပါတယ်။

ဆန္ဒပြ ခွင့်ပြုထားတဲ့ နေရာကနေ တခြားကို ဘယ်သူမှ ထွက်မသွားအောင် ဟန့်တားဖို့ အနားက လမ်းတွေပေါ်မှာ အဓိကရုဏ်းနှိမ်နင်းရေး ရဲတွေ အကြီးအကျယ် စောင့်ကြပ်နေခဲ့ပါတယ်။

“တိုက်ပွဲ မပြီးသေးဘူး။ အစိုးရနဲ့ တကမ္ဘာလုံးက လူတွေကို ကျနော်တို့ တိုက်ပွဲဝင်နေတဲ့ အကြောင်း အသိပေးဖို့ လိုတယ်” လို့ ဆန္ဒပြသူ တယောက်က ချီတက်ပွဲတွေ ကျင်းပနေချိန်မှာ ပြောပါတယ်။

ဟောင်ကောင်မှာ အကြီးစားဆန္ဒပြပွဲတွေ အရပ်သား မငြိမ်သက်မှုတွေ ဖြစ်နေတာ လချီ ကြာနေပါပြီ။

ဗြိတိန်ကိုလိုနီဟောင်း ဟောင်ကောင်ဟာ တရုတ်လက်အောက်ကို တနိုင်ငံ စနစ် ၂ မျိုး ကတိနဲ့ ပြန်ရောက်လာတာပါ။

ဒါပေမဲ့ ကတိပေးထားတဲ့ လွတ်လပ်ခွင့်တွေကို တရုတ်ပြည်မကြီးအစိုးရက စွက်ဖက်တယ်လို့ ရှုမြင်ပြီး ဟောင်ကောင်သားတွေ ဒေါသထွက်နေတဲ့အပြင် ရဲတွေက အင်အားအလွန်အကျွံသုံးလို့ တုံ့ပြန်နေတာလို့လည်း ပြောခဲ့ကြပါတယ်။

Comments

Popular posts from this blog

၂၀.၁.၂၀၂၀ ( နေ့လည် ၁၂ နာရီ ၂၅ မိနစ်) လက်ဘနွန်တွင် ရဲတပ်ဖွဲ့နှင့် ဆန္ဒပြသူများအကြား ရုန်းရင်းဆန်ခတ်မှု ဖြစ်ပွားခဲ့ပြီး လူပေါင်း ၂၂၀ ကျော် ထိခိုက်ဒဏ်ရာရ

၂၀.၁.၂၀၂၀ ( နေ့လည် ၁၂ နာရီ ၃၇ မိနစ်) တရုတ် ဗိုင်းရပ်စ်ဆန်း မြို့ကြီးများဆီ ကူးစက်ပျံ့နှံ့ ၊ နောက်ထပ် လူ ၁၄၀ နီးပါး ထပ်မံကူးစက်ခံထားရ

၂၂.၁.၂၀၂၀ ( နံနက် ၈ နာရီ ၃၄ မိနစ် ) ‌စစ်ရေးလေ့ကျင့် မှုပူးတွဲစတင်ခဲ့ကြတဲ့ အီရန်၊ ရုရှား နှင့် တရုတ်နိုင်ငံတို့မှရေတပ်ဖွဲ့ဝင်များ