၂၀.၁.၂၀၂၀ ( နေ့လည် ၃ နာရီ ၁၅ မိနစ် ) တရုတ်နိုင်ငံတွင် အဆုတ်ရောင်ရောဂါ ကူးစက်ခံရသူ ၁၇ ဦး ထပ်တွေ့


တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်မျိုးစိတ်သစ်ကြောင့် ဖြစ်တဲ့ အဆုတ်ရောင် ရောဂါကူးစက်သူ  ၁၇ ယောက် တွေ့ရှိတယ်လို့ တရုတ်အစိုးရက ဇန်နဝါရီ ၁၉ ရက်မှာ ထုတ်ပြန်ပါတယ်။
ဒါကြောင့် လူသန်းပေါင်း ရာချီပြီး ခရီးသွားကြမယ့် တရုတ်နှစ်သစ်ကူးကာလမှာ ကူးစက်မှု ဖြစ်နိုင်ခြေအတွက် စိုးရိမ်နေကြပါတယ်။
လူနာ ၃ ယောက်က အပြင်းအထန် ဖျားနာနေတယ်လို့ ဝူဟန် စည်ပင်ကျန်းမာရေး ကော်မရှင်က ကြေညာချက် ထုတ်ပြန်ပါတယ်။
လူနာအားလုံးဟာ တရုတ်နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့က ဖြစ်ပြီး ကူးစက်ခံရသူ လူနာ စုစုပေါင်း ၆၂ ယောက်ရှိခဲ့ပြီး ၂ ယောက် သေဆုံးခဲ့ပါတယ်။
ကူးစက်မြန် ပြင်းထန် အသက်ရှူလမ်းကြောင်းရောဂါ (SARS) အပါအဝင် ကိုရိုနာဗိုင်းရပ်စ် မိသားစုကြီးထဲက မျိုးစိတ်သစ်ကြောင့် တရုတ်နိုင်ငံမှာ ၂၀၀၂-၂၀၀၃ ခုနှစ်က လူအယောက် ၈၀၀ နီးပါး သေဆုံးခဲ့ဖူးပါတယ်။
အခုတွေ့ရှိတဲ့ မျိုးစိတ်သစ်ကတော့ လူတွေ ကြောက်နေကြသလောက် မဆိုးဘူးလို့ ကနဦး စမ်းသပ်လေ့လာတွေ့ရှိချက်တွေက ပြသနေတယ်လို့ အကြီးတန်းဆေးဘက်ပညာရှင် ၂ ယောက်ကို ကိုးကားပြီး တရုတ်အစိုးရရုပ်သံ စီစီတီဗွီက ဇန်နဝါရီ ၁၉ ရက်မှာ ထုတ်လွှင့်ပါတယ်။
ထိုင်းနဲ့ ဂျပန်နိုင်ငံတွေမှာလည်း ဒီဗိုင်းရပ်စ်သစ် ကူးစက်ခံရတဲ့ လူနာတွေ တွေ့ထားတယ်လို့ အတည်ပြုထားပြီး အဲဒီလူနာတွေဟာလည်း ဝူဟန်မြို့ကနေ ခရီးထွက်လာသူတွေ  ဖြစ်နေတာပါ။
ဝူဟန်အာဏာပိုင်တွေ လတ်တလော ကြေညာထားတဲ့ ဗိုင်းရပ်စ်သစ် ကူးစက်ခံရတဲ့ လူနာ အရေအတွက်ဟာ တကယ်တမ်း အရေ အတွက်ထက် ပိုနိုင်တယ်လို့ ဆိုပါတယ်။
ဇန်နဝါရီ ၁၂ ရက်က ထုတ်ပြန်တဲ့ လက္ခဏာတွေအရ ကူးစက်ခံရတဲ့ လူနာအရေအတွက်ဟာ ၁၇၂၃ ယောက် ရှိပြီ ခန့်မှန်းရတယ်လို့ လန်ဒန်ကမ္ဘာ့ကူးစက်ရောဂါအကဲဖြတ်ရေးဌာနက ပြောပါတယ်။

Comments

Popular posts from this blog

၂၀.၁.၂၀၂၀ ( နေ့လည် ၁၂ နာရီ ၂၅ မိနစ်) လက်ဘနွန်တွင် ရဲတပ်ဖွဲ့နှင့် ဆန္ဒပြသူများအကြား ရုန်းရင်းဆန်ခတ်မှု ဖြစ်ပွားခဲ့ပြီး လူပေါင်း ၂၂၀ ကျော် ထိခိုက်ဒဏ်ရာရ

၂၀.၁.၂၀၂၀ ( နေ့လည် ၁၂ နာရီ ၃၇ မိနစ်) တရုတ် ဗိုင်းရပ်စ်ဆန်း မြို့ကြီးများဆီ ကူးစက်ပျံ့နှံ့ ၊ နောက်ထပ် လူ ၁၄၀ နီးပါး ထပ်မံကူးစက်ခံထားရ

၂၂.၁.၂၀၂၀ ( နံနက် ၈ နာရီ ၃၄ မိနစ် ) ‌စစ်ရေးလေ့ကျင့် မှုပူးတွဲစတင်ခဲ့ကြတဲ့ အီရန်၊ ရုရှား နှင့် တရုတ်နိုင်ငံတို့မှရေတပ်ဖွဲ့ဝင်များ