၂၀.၁.၂၀၂၀ ( နေ့လည် ၂ နာရီ ၄၈ မိနစ် ) ကမ္ဘာ့ခေတ်အမီဆုံး ရေငုပ်သင်္ဘောအုပ်တည်ဆောက်ဖို့ဒေါ်လာ ၂၂ ဘီလီယံကျော်သုံးစွဲမယ့် အမေရိကန်


အမေရိကန်ရေတပ်ဟာ ဈေးအကြီးမြင့်ဆုံး သင်္ဘောတည်ဆောက်ရေး ကန်ထရိုက်ကို တနင်္လာနေ့မှာ ရရှိလိုက်ပါတယ်။ ဒါကတော့ ကမ္ဘာမှာ ခေတ်အမီဆုံး ရေငုပ်သင်္ဘောတွေ တည်ဆောက်ရေး အမေရိကန်ဒေါ်လာ ၂၂ ဒသမ ၂ ဘီလီယံကျော် ကန်ထရိုက်ချထားပိုင်ခွင့်ကို ရရှိလိုက်တာပါ။

တရုတ်ရဲ့ ကြီးထွားလာတဲ့ ရေတပ်တည်ဆောက်မှုကို သတိပေးရင်း ကာပြန်ရေးမှာ ရေငုပ်သင်္ဘော လုံလုံလောက်လောက် မရှိတာပဲ ဖြစ်တယ်လို့ ပစိဖိတ်ရေးရာ အမေရိကန်ရေတပ်အကြီးအကဲက ပြောဆိုပြီး လအတန်ကြာမှာ ဗာဂျင်းနီးယား အမျိုးအစား နျူကလီးယားစွမ်းအင်သုံး တိုက်ခိုက်ရေးရေငုပ်သင်္ဘော ကိုးစင်း တည်ဆောက်ရေး ကန်ထရိုက်ကို ရရှိတာပါ။

ဒါဟာဆိုရင် တရုတ်ရဲ့ ကြီးထွားလာတဲ့ စစ်ရေးပါဝါနဲ့ အနောက်ပစိဖိတ်မှာ ကျုးကျော်တဲ့ လုပ်ရပ်တွေကို တုံ့ပြန်ရေးအတွက် အမေရိကန်ရဲ့ နောက်ဆုံး လုပ်ဆောင်ချက်ချက်တစ်ရပ်ဖြစ်တယ်လို့ အမေရိကန် ပစိဖိတ်ကွပ်ကဲရေး ပူးတွဲထောက်လှမ်းရေးဌာန ညွှန်ကြားရေးမှူးဟောင်း ကားရှူစတာက ပြောပါတယ်။

“တရုတ်ရေတပ်က ပိုမိုကောင်းမွန်လာပြီး ကြီးထွားလာနေတယ်။ ဒါကြောင့် အမေရိကန်ရေတပ်အနေနဲ့ တုံ့ပြန်ရမှာ ဖြစ်ပါတယ်။ ဒါဟာ တရုတ်ကို ရန်သူအဖြစ် သတ်မှတ်လိုက်တာ မဟုတ်ဘူး။ ဒါပေမယ့် တရုတ်ရဲ့ လုပ်ရပ်တွေက စောင့်ကြည့်နေရုံနဲ့ မဖြစ်ဘူး။”လို့ ၎င်းက ပြောပါတယ်။

ဗာဂျင်းနီးယားအမျိုးအစား ရေငုပ်သင်္ဘောတွေဟာ အမေရိကန်ရေတပ်ရဲ့ အဓိက ရေအောက် ဘက်စုံသုံးရေငုပ်သင်္ဘောတွေ ဖြစ်ပါတယ်။ ဒီ ရေငုပ်သင်္ဘောဟာ စစ်သင်္ဘောာတွေ၊ ရေငုပ်သင်္ဘောတွေနဲ့ ကုန်းမြေပေါ်က ပစ်မှတ်တွေကို တိုက်ခိုက်နိုင်သလို ထောက်လှမ်းရေးသတင်းအချက်အလက် ရယူမှုနဲ့ စောင့်ကြည့်ထောက်လှမ်းရေးလုပ်ငန်းတွေကိုလ့ည်း စွမ်းဆောင်နိုင်တဲ့ ရေငုပ်သင်္ဘောတွေ ဖြစ်ပါတယ်။

အမေရိကန်ရေတပ်မှာ ဗာဂျင်းနီးယားအမျိုးအစား ရေငုပ်သင်္ဘော ရှစ်စင်းနဲ့ အခြားအမျိုးအစား ဆယ်စင်း ရှိထားပြီး ဖြစ်ပါတယ်။

Rf; CNN
Writer_ မောင်သံဆင့်(XYZ News)

Comments

Popular posts from this blog

၂၀.၁.၂၀၂၀ ( နေ့လည် ၁၂ နာရီ ၂၅ မိနစ်) လက်ဘနွန်တွင် ရဲတပ်ဖွဲ့နှင့် ဆန္ဒပြသူများအကြား ရုန်းရင်းဆန်ခတ်မှု ဖြစ်ပွားခဲ့ပြီး လူပေါင်း ၂၂၀ ကျော် ထိခိုက်ဒဏ်ရာရ

၂၀.၁.၂၀၂၀ ( နေ့လည် ၁၂ နာရီ ၃၇ မိနစ်) တရုတ် ဗိုင်းရပ်စ်ဆန်း မြို့ကြီးများဆီ ကူးစက်ပျံ့နှံ့ ၊ နောက်ထပ် လူ ၁၄၀ နီးပါး ထပ်မံကူးစက်ခံထားရ

၂၂.၁.၂၀၂၀ ( နံနက် ၈ နာရီ ၃၄ မိနစ် ) ‌စစ်ရေးလေ့ကျင့် မှုပူးတွဲစတင်ခဲ့ကြတဲ့ အီရန်၊ ရုရှား နှင့် တရုတ်နိုင်ငံတို့မှရေတပ်ဖွဲ့ဝင်များ