Posts

၂၄.၁.၂၀၂၀ ( နံနက် ၉ နာရီ ၄၈ မိနစ် ) ဆားစ်နှင့် ဆင်တူသောဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ကိုးဦးထိ ရှိလာပြီး ဗီဇပြောင်းလဲမှုဖြစ်နိုင်ကြောင်း တရုတ်သတိပေး

Image
အမေရိကန်သို့ပင် ရောက်ရှိခဲ့ပြီး လူရာနှင့်ချီ ကူးစက်ခဲ့သော ဆားစ်နှင့်ဆင်တူသော ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ကိုးဦးထိ မြင့်တက်လာပြီး ယင်းဗိုင်းရပ်စ်သည် မျိုးဗီဇပြောင်းလဲနိုင်ကြောင်း တရုတ်အာဏာပိုင်များက ဇန်နဝါရီ ၂၂ တွင် သတိပေးခဲ့သည်။ တရုတ်နှစ်သစ်ကူး နီးကပ်လာချိန်တွင် ခရီးသွားလာမှု မြင့်တက်လာမည့်ကာလ၌ ထိုဗိုင်းရပ်စ်ကို ထိန်းချုပ်ရန် အာဏာပိုင်များက အပူတပြင်း ကြိုးပမ်းနေသည်။ ၂၀၀၂-၂၀၀၃ က ဖြစ်ပွားခဲ့သော ဆားစ်ကြောင့် တရုတ်နှင့် ဟောင်ကောင်တွင် လူ ၆၅၀ နီးပါး သေဆုံးခဲ့သည်။ တရုတ်အလယ်ပိုင်း ဝူဟန်းတွင် ယခုဖြစ်ပွားသော ဗိုင်းရပ်စ်သည် ဆားစ်နှင့်ဆင်တူသောကြောင့် သတိပေးတပ်လှန့်မှု မြှင့်တင်ထားသည်။ ဗိုင်းရပ်စ်၏ဗဟိုချက်ဖြစ်သော ဝူဟန်းတွင် လူ ၁၁ သန်းခန့်နေထိုင်ပြီး ခရီးသွားများ ရှောင်ကြဉ်ကြရန်နှင့် ဒေသခံများ နေရပ်မှ မထွက်ခွာကြရန် အာဏာပိုင်များက တောင်းဆိုထားသည်။ အသက်ရှူလမ်းကြောင်းမှတစ်ဆင့် ကူးစက်တတ်သော ယင်းဗိုင်းရပ်စ်သည် ဗီဇပြောင်းလဲမှု ဖြစ်နိုင်ပြီး ထပ်မံကူးစက် ပျံ့နှံ့မှု ဖြစ်နိုင်ကြောင်း အမျိုးသားကျန်းမာရေး ကော်မရှင် ဒုတိယဥက္ကဋ္ဌလီပင်းက ပေကျင်းတွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ပြောကြ

၂၄.၁.၂၀၂၀ ( နံနက် ၉ နာရီ ၄၇ မိနစ် ) ပူတင်က အဓိကဝန်ကြီးများအား ရုရှားအစိုးရအဖွဲ့သစ်တွင် ဆက်လက်ခန့်အပ်

Image
ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ပြင်ဆင်ပြောင်းလဲမည့် အစီအစဉ်များအား အဆိုပြုခဲ့ပြီးနောက် တစ်ပတ်ပင် မပြည့်သေးမီ ရုရှားသမ္မတ ဗလာဒီမာပူတင်က အဓိကဝန်ကြီးများအား ဆက်လက်ထိန်းသိမ်းထားသော အစိုးရအဖွဲ့သစ်ကို ဇန်နဝါရီ ၂၁ တွင် ထုတ်ပြန်ခဲ့သည်။ ပူတင်အား အခိုင်အမာထောက်ခံသော နိုင်ငံခြားရေးဝန်ကြီး ဆာဂေးလက်ရော့ဗ်နှင့် ကာကွယ်ရေးဝန်ကြီး ဆာဂေးရွှိုင်ဂူတို့အပြင် ဘဏ္ဍာရေးဝန်ကြီး အန်တန်ဆီ လူအာနော့ဗ်နှင့် စွမ်းအင်ဝန်ကြီး အလက်ဇန္ဒား နိုဗက်တို့သည် အစိုးရအဖွဲ့သစ်တွင် မူလရာထူးများ၌ ဆက်လက်ခန့်အပ်ခံခဲ့ရသည်။ သို့သော် ပူတင်က ကျန်းမာရေး၊ ပညာရေး၊ အလုပ်သမားနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဝန်ကြီးများအပြင် လူမှုရေးရာတွင် တာဝန်ရှိသော တာဝန်ရှိသူအများအပြားအား အစားထိုးခဲ့သည်။ ဝန်ကြီးချုပ်သစ် မီဟိုင်းမီရှုစတင်၏ အစိုးရအဖွဲ့နှင့် အစည်းအဝေးတွင် ပူတင်က အရေးကြီးဆုံးတာဝန်မှာ ပြည်သူများ၏ ကောင်းကျိုးချမ်းသာ မြင့်တက်စေရန်နှင့် မိမိတို့၏နိုင်ငံ ခိုင်မာအားကောင်းစေရန်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ စီးပွားရေးအရှိန်အဟုန်ဖြင့် တိုးတက်စေရန်နှင့် ပြည်သူများ၏ လူနေမှုအဆင့်အတန်း တိုးတက်စေရန် အဓိကအာရုံစိုက်လျက် အစိုးရအဖွဲ့က ချက်ချင

၂၄.၁.၂၀၂၀ ( နံနက် ၉ နာရီ ၄၅ မိနစ် ) ဘာရီဂင်္ဂါမြစ်ကို ထိန်းသိမ်းစောင့်ရှောက်ရန်အတွက် စက်ရုံ ၂၃၁ ခုကို ပိတ်သိမ်းရန် ဘင်္ဂလားဒေ့ရှ်တရားရုံး အမိန့်ထုတ်

Image
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့ရှိ ဘာရီဂင်္ဂါမြစ်ကို ကမ္ဘာ့ရေထု အညစ်ညမ်းဆုံးမြစ်များထဲတွင် တစ်ခုအပါအဝင် ဖြစ်လာစေခဲ့သည့် အကြောင်းရင်းဖြစ်သော စက်ရုံ ၂၃၁ ခုကို ပိတ်သိမ်းပစ်ရန် ဘင်္ဂလားဒေ့ရှ် အထက် တရားရုံးက အမိန့်ထုတ်ခဲ့ကြောင်း ရှေ့နေတစ်ဦးက ဇန်နဝါရီ ၂၁ ရက်တွင် ပြောကြားခဲ့သည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း မြစ်ရာပေါင်းများစွာ သွယ်တန်း စီးဆင်းလျက်ရှိသော်လည်း ကမ္ဘာ့ဒုတိယအကြီးဆုံး အထည်ချုပ်လုပ်ငန်း လုပ်ကိုင်ရာ ထိုနိုင်ငံ၌ မကြာသေးမီကာလအတွင်း စက်မှုလုပ်ငန်းဖွံ့ဖြိုး တိုးတက်လာခြင်းက စက်ရုံထွက်အညစ်အကြေးများ မြစ်များအတွင်းသို့ စွန့်ပစ်ခြင်းကိစ္စကို မသိချင်ယောင်ဆောင်ရန် ဘင်္ဂလားဒေ့ရှ်တာဝန်ရှိသူများအား လမ်းကြောင်းပေးသကဲ့သို့ ရှိနေသည်။ ဘာရီဂင်္ဂါမြစ်အတွင်းသို့ အညစ်အကြေးများ စွန့်ထုတ်နေသော ဆေးဆိုးစက်ရုံ၊ ရော်ဘာစက်ရုံ၊ သားရေနယ်စက်ရုံများအပါအဝင် စက်ရုံပေါင်း ၂၃၁ ခုကို ချက်ချင်း အရေးယူဆောင်ရွက်ရန် အထက်တရားရုံးက ဇန်နဝါရီ ၂၀ ရက်တွင် အာဏာပိုင်များအား အမိန့်ပေးခဲ့သည်။ စက်ရုံများ ပိတ်သိမ်းပစ်ရန် သမိုင်းဝင်ဆုံးဖြတ်ချက်ကို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး တက်ကြွလှုပ်ရှားသူများက ကြိုဆိုခဲ့ကြသည

၂၂.၁.၂၀၂၀ ( နံနက် ၈ နာရီ ၃၄ မိနစ် ) ‌စစ်ရေးလေ့ကျင့် မှုပူးတွဲစတင်ခဲ့ကြတဲ့ အီရန်၊ ရုရှား နှင့် တရုတ်နိုင်ငံတို့မှရေတပ်ဖွဲ့ဝင်များ

Image
အီရန်၊ ရုရှားနဲ့ တရုတ်နိုင်ငံတို့ကရေတပ်ဖွဲ့ဝင်တွေပါ၀င်တဲ့ ၄ ရက်ကြာရေကြောင်းပူးတွဲစစ်ရေးလေ့ကျင့်မှုကို အိန္ဒိယသမုဒ္ဒရာနဲ့ အိုမန်ပင်လယ်ပြင်အတွင်းစတင်ခဲ့ကြောင်းGlobal Security.com သတင်းအရ သိရှိရပါတယ်။ အိန္ဒိယသမုဒ္ဒရာရဲ့ အနောက်မြောက်ပိုင်းဒေသအတွင်း စစ်သင်္ဘောတွေတပ်ဖြန့်ချထားခြင်း၊ အိုမန်ပင်လယ်ကွေ့အတွင်းရှိ အီရန်နိုင်ငံရဲ့ Chabahar ဆိပ်ကမ်းကနေပြီး ၃ နိုင်ငံတို့ရဲ့စစ်သင်္ဘောတွေစတင်ထွက်ခွာခြင်းအခမ်းအနားတွေဖြင့် ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ဆောင်ရွက်ခဲ့ကြောင်း အီရန်ရေတပ်ဖွဲ့က ဒုတိယဗိုလ်ချုပ်ကြီး Gholanreza Tahani က ပြောကြားသွားခဲ့ပါတယ်။ စစ်ရေးလေ့ကျင့်မှုရဲ့အမည်က Marine Security Belt ဖြစ်ပြီး ရေပြင်ဧရိယာ ၁၇၀၀၀စတုရန်းကီလိုမီတာအတွင်း တပ်ဖြန့်စစ်ကစားသွားမှာဖြစ်ကြောင်း၊ ဒီစစ်ရေးလေ့ကျင့်မှုရဲ့ ပစ်ခတ်စဉ်လေ့ကျင့်ခန်းတွေမှာ ထိခိုက်ဒဏ်ရာရရှိမှုတွေ၊ ချေမှုန်းတိုက်ခိုက်ခံရပါက ရှာဖွေကယ်ဆယ်ရေးသင်္ဘောတွေနဲ့လုပ်ငန်းစဉ်တွေမှာလက်တွေ့ကျကျပါ၀င်လေ့ကျင့်ခြင်းတို့အပါအဝင် နည်းဗျူဟာပိုင်းဆိုင်ရာလေ့ကျင့်မှုအသီးသီးတို့ကို ထည့်သွင်းလေ့ကျင့်သွားမှာဖြစ်ကြောင်း၊ ဒါ့အပြင်စစ်ရေးလေ့ကျင့်မှုရဲ့ရည်ရွယ်ချက်တွေထဲက အဓိကအ

၂၀.၁.၂၀၂၀ ( နေ့လည် ၃ နာရီ ၁၅ မိနစ် ) တရုတ်နိုင်ငံတွင် အဆုတ်ရောင်ရောဂါ ကူးစက်ခံရသူ ၁၇ ဦး ထပ်တွေ့

Image
တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်မျိုးစိတ်သစ်ကြောင့် ဖြစ်တဲ့ အဆုတ်ရောင် ရောဂါကူးစက်သူ  ၁၇ ယောက် တွေ့ရှိတယ်လို့ တရုတ်အစိုးရက ဇန်နဝါရီ ၁၉ ရက်မှာ ထုတ်ပြန်ပါတယ်။ ဒါကြောင့် လူသန်းပေါင်း ရာချီပြီး ခရီးသွားကြမယ့် တရုတ်နှစ်သစ်ကူးကာလမှာ ကူးစက်မှု ဖြစ်နိုင်ခြေအတွက် စိုးရိမ်နေကြပါတယ်။ လူနာ ၃ ယောက်က အပြင်းအထန် ဖျားနာနေတယ်လို့ ဝူဟန် စည်ပင်ကျန်းမာရေး ကော်မရှင်က ကြေညာချက် ထုတ်ပြန်ပါတယ်။ လူနာအားလုံးဟာ တရုတ်နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့က ဖြစ်ပြီး ကူးစက်ခံရသူ လူနာ စုစုပေါင်း ၆၂ ယောက်ရှိခဲ့ပြီး ၂ ယောက် သေဆုံးခဲ့ပါတယ်။ ကူးစက်မြန် ပြင်းထန် အသက်ရှူလမ်းကြောင်းရောဂါ (SARS) အပါအဝင် ကိုရိုနာဗိုင်းရပ်စ် မိသားစုကြီးထဲက မျိုးစိတ်သစ်ကြောင့် တရုတ်နိုင်ငံမှာ ၂၀၀၂-၂၀၀၃ ခုနှစ်က လူအယောက် ၈၀၀ နီးပါး သေဆုံးခဲ့ဖူးပါတယ်။ အခုတွေ့ရှိတဲ့ မျိုးစိတ်သစ်ကတော့ လူတွေ ကြောက်နေကြသလောက် မဆိုးဘူးလို့ ကနဦး စမ်းသပ်လေ့လာတွေ့ရှိချက်တွေက ပြသနေတယ်လို့ အကြီးတန်းဆေးဘက်ပညာရှင် ၂ ယောက်ကို ကိုးကားပြီး တရုတ်အစိုးရရုပ်သံ စီစီတီဗွီက ဇန်နဝါရီ ၁၉ ရက်မှာ ထုတ်လွှင့်ပါတယ်။ ထိုင်းနဲ့ ဂျပန်နိုင်ငံတွေမှာလည်း ဒီဗိုင်းရပ်စ်သစ် ကူးစက်ခံရတဲ့ လူ

၂၀.၁.၂၀၂၀ ( နေ့လည် ၃ နာရီ ၈ မိနစ် ) ချာတာဥယျဥ်တွင် ဆန္ဒပြကြသော ထောင်နဲ့ချီသော လူဦးရေကို ရဲတပ်ဖွဲ့များက ဖမ်းဆီးခဲ့

Image
ဒီမိုကရေစီအရေး ပြုပြင်ပြောင်းလဲရေးအတွက် ဟောင်ကောင် ချာတာဥယျာဉ်မှာ ဇန်နဝါရီ ၁၉ ရက်က လူဦးရေ ထောင်နဲ့ချီ ဆန္ဒပြခဲ့ကြပြီး ရဲတွေက လူအတော်များများကို ဖမ်းခဲ့ပါတယ်။ ဒီပွဲကို စီစဉ်သူတွေက ကွန်မြူနစ်ဝါဒီတွေကို ဝန်းရံလုပ်ကြံခြင်းလို့ နာမည်ပေးထားပြီး ရဲတွေရဲ့ ရက်စက်မှုတွေကို ဆန့်ကျင် ဟောပြောခဲ့ကြတာပါ။ ဆန္ဒပြသူတွေဟာ အစောပိုင်းက မြို့တလျှောက်လမ်းတွေပေါ် ချီတက်ဖို့ ရည်ရွယ်ခဲ့တာပါ။ အရင်ချီတက်ပွဲတွေတုန်းက လုံခြုံရေးဆိုင်ရာ ဘေးအန္တရာယ်တွေနဲ့ ရုန်းရင်းဆန်ခတ်မှုတွေ ဖြစ်ခဲ့ဖူးလို့ ချီတက်တာ မလုပ်ဖို့ ရဲတွေက တားမြစ် ပိတ်ပင်ထားပါတယ်။ ဆန္ဒပြ ခွင့်ပြုထားတဲ့ နေရာကနေ တခြားကို ဘယ်သူမှ ထွက်မသွားအောင် ဟန့်တားဖို့ အနားက လမ်းတွေပေါ်မှာ အဓိကရုဏ်းနှိမ်နင်းရေး ရဲတွေ အကြီးအကျယ် စောင့်ကြပ်နေခဲ့ပါတယ်။ “တိုက်ပွဲ မပြီးသေးဘူး။ အစိုးရနဲ့ တကမ္ဘာလုံးက လူတွေကို ကျနော်တို့ တိုက်ပွဲဝင်နေတဲ့ အကြောင်း အသိပေးဖို့ လိုတယ်” လို့ ဆန္ဒပြသူ တယောက်က ချီတက်ပွဲတွေ ကျင်းပနေချိန်မှာ ပြောပါတယ်။ ဟောင်ကောင်မှာ အကြီးစားဆန္ဒပြပွဲတွေ အရပ်သား မငြိမ်သက်မှုတွေ ဖြစ်နေတာ လချီ ကြာနေပါပြီ။ ဗြိတိန်ကိုလိုနီဟောင်း ဟောင်ကောင်ဟာ တ

၂၀.၁.၂၀၂၀ ( နေ့လည် ၂ နာရီ ၄၈ မိနစ် ) ကမ္ဘာ့ခေတ်အမီဆုံး ရေငုပ်သင်္ဘောအုပ်တည်ဆောက်ဖို့ဒေါ်လာ ၂၂ ဘီလီယံကျော်သုံးစွဲမယ့် အမေရိကန်

Image
အမေရိကန်ရေတပ်ဟာ ဈေးအကြီးမြင့်ဆုံး သင်္ဘောတည်ဆောက်ရေး ကန်ထရိုက်ကို တနင်္လာနေ့မှာ ရရှိလိုက်ပါတယ်။ ဒါကတော့ ကမ္ဘာမှာ ခေတ်အမီဆုံး ရေငုပ်သင်္ဘောတွေ တည်ဆောက်ရေး အမေရိကန်ဒေါ်လာ ၂၂ ဒသမ ၂ ဘီလီယံကျော် ကန်ထရိုက်ချထားပိုင်ခွင့်ကို ရရှိလိုက်တာပါ။ တရုတ်ရဲ့ ကြီးထွားလာတဲ့ ရေတပ်တည်ဆောက်မှုကို သတိပေးရင်း ကာပြန်ရေးမှာ ရေငုပ်သင်္ဘော လုံလုံလောက်လောက် မရှိတာပဲ ဖြစ်တယ်လို့ ပစိဖိတ်ရေးရာ အမေရိကန်ရေတပ်အကြီးအကဲက ပြောဆိုပြီး လအတန်ကြာမှာ ဗာဂျင်းနီးယား အမျိုးအစား နျူကလီးယားစွမ်းအင်သုံး တိုက်ခိုက်ရေးရေငုပ်သင်္ဘော ကိုးစင်း တည်ဆောက်ရေး ကန်ထရိုက်ကို ရရှိတာပါ။ ဒါဟာဆိုရင် တရုတ်ရဲ့ ကြီးထွားလာတဲ့ စစ်ရေးပါဝါနဲ့ အနောက်ပစိဖိတ်မှာ ကျုးကျော်တဲ့ လုပ်ရပ်တွေကို တုံ့ပြန်ရေးအတွက် အမေရိကန်ရဲ့ နောက်ဆုံး လုပ်ဆောင်ချက်ချက်တစ်ရပ်ဖြစ်တယ်လို့ အမေရိကန် ပစိဖိတ်ကွပ်ကဲရေး ပူးတွဲထောက်လှမ်းရေးဌာန ညွှန်ကြားရေးမှူးဟောင်း ကားရှူစတာက ပြောပါတယ်။ “တရုတ်ရေတပ်က ပိုမိုကောင်းမွန်လာပြီး ကြီးထွားလာနေတယ်။ ဒါကြောင့် အမေရိကန်ရေတပ်အနေနဲ့ တုံ့ပြန်ရမှာ ဖြစ်ပါတယ်။ ဒါဟာ တရုတ်ကို ရန်သူအဖြစ် သတ်မှတ်လိုက်တာ မဟုတ်ဘူး။ ဒါပေမယ့် တရုတ်ရဲ့ လုပ်ရပ်တွေက စောင့