Posts

Showing posts from January, 2020

၂၄.၁.၂၀၂၀ ( နံနက် ၉ နာရီ ၄၈ မိနစ် ) ဆားစ်နှင့် ဆင်တူသောဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ကိုးဦးထိ ရှိလာပြီး ဗီဇပြောင်းလဲမှုဖြစ်နိုင်ကြောင်း တရုတ်သတိပေး

Image
အမေရိကန်သို့ပင် ရောက်ရှိခဲ့ပြီး လူရာနှင့်ချီ ကူးစက်ခဲ့သော ဆားစ်နှင့်ဆင်တူသော ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ကိုးဦးထိ မြင့်တက်လာပြီး ယင်းဗိုင်းရပ်စ်သည် မျိုးဗီဇပြောင်းလဲနိုင်ကြောင်း တရုတ်အာဏာပိုင်များက ဇန်နဝါရီ ၂၂ တွင် သတိပေးခဲ့သည်။ တရုတ်နှစ်သစ်ကူး နီးကပ်လာချိန်တွင် ခရီးသွားလာမှု မြင့်တက်လာမည့်ကာလ၌ ထိုဗိုင်းရပ်စ်ကို ထိန်းချုပ်ရန် အာဏာပိုင်များက အပူတပြင်း ကြိုးပမ်းနေသည်။ ၂၀၀၂-၂၀၀၃ က ဖြစ်ပွားခဲ့သော ဆားစ်ကြောင့် တရုတ်နှင့် ဟောင်ကောင်တွင် လူ ၆၅၀ နီးပါး သေဆုံးခဲ့သည်။ တရုတ်အလယ်ပိုင်း ဝူဟန်းတွင် ယခုဖြစ်ပွားသော ဗိုင်းရပ်စ်သည် ဆားစ်နှင့်ဆင်တူသောကြောင့် သတိပေးတပ်လှန့်မှု မြှင့်တင်ထားသည်။ ဗိုင်းရပ်စ်၏ဗဟိုချက်ဖြစ်သော ဝူဟန်းတွင် လူ ၁၁ သန်းခန့်နေထိုင်ပြီး ခရီးသွားများ ရှောင်ကြဉ်ကြရန်နှင့် ဒေသခံများ နေရပ်မှ မထွက်ခွာကြရန် အာဏာပိုင်များက တောင်းဆိုထားသည်။ အသက်ရှူလမ်းကြောင်းမှတစ်ဆင့် ကူးစက်တတ်သော ယင်းဗိုင်းရပ်စ်သည် ဗီဇပြောင်းလဲမှု ဖြစ်နိုင်ပြီး ထပ်မံကူးစက် ပျံ့နှံ့မှု ဖြစ်နိုင်ကြောင်း အမျိုးသားကျန်းမာရေး ကော်မရှင် ဒုတိယဥက္ကဋ္ဌလီပင်းက ပေကျင်းတွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ပြောကြ

၂၄.၁.၂၀၂၀ ( နံနက် ၉ နာရီ ၄၇ မိနစ် ) ပူတင်က အဓိကဝန်ကြီးများအား ရုရှားအစိုးရအဖွဲ့သစ်တွင် ဆက်လက်ခန့်အပ်

Image
ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ပြင်ဆင်ပြောင်းလဲမည့် အစီအစဉ်များအား အဆိုပြုခဲ့ပြီးနောက် တစ်ပတ်ပင် မပြည့်သေးမီ ရုရှားသမ္မတ ဗလာဒီမာပူတင်က အဓိကဝန်ကြီးများအား ဆက်လက်ထိန်းသိမ်းထားသော အစိုးရအဖွဲ့သစ်ကို ဇန်နဝါရီ ၂၁ တွင် ထုတ်ပြန်ခဲ့သည်။ ပူတင်အား အခိုင်အမာထောက်ခံသော နိုင်ငံခြားရေးဝန်ကြီး ဆာဂေးလက်ရော့ဗ်နှင့် ကာကွယ်ရေးဝန်ကြီး ဆာဂေးရွှိုင်ဂူတို့အပြင် ဘဏ္ဍာရေးဝန်ကြီး အန်တန်ဆီ လူအာနော့ဗ်နှင့် စွမ်းအင်ဝန်ကြီး အလက်ဇန္ဒား နိုဗက်တို့သည် အစိုးရအဖွဲ့သစ်တွင် မူလရာထူးများ၌ ဆက်လက်ခန့်အပ်ခံခဲ့ရသည်။ သို့သော် ပူတင်က ကျန်းမာရေး၊ ပညာရေး၊ အလုပ်သမားနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဝန်ကြီးများအပြင် လူမှုရေးရာတွင် တာဝန်ရှိသော တာဝန်ရှိသူအများအပြားအား အစားထိုးခဲ့သည်။ ဝန်ကြီးချုပ်သစ် မီဟိုင်းမီရှုစတင်၏ အစိုးရအဖွဲ့နှင့် အစည်းအဝေးတွင် ပူတင်က အရေးကြီးဆုံးတာဝန်မှာ ပြည်သူများ၏ ကောင်းကျိုးချမ်းသာ မြင့်တက်စေရန်နှင့် မိမိတို့၏နိုင်ငံ ခိုင်မာအားကောင်းစေရန်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ စီးပွားရေးအရှိန်အဟုန်ဖြင့် တိုးတက်စေရန်နှင့် ပြည်သူများ၏ လူနေမှုအဆင့်အတန်း တိုးတက်စေရန် အဓိကအာရုံစိုက်လျက် အစိုးရအဖွဲ့က ချက်ချင

၂၄.၁.၂၀၂၀ ( နံနက် ၉ နာရီ ၄၅ မိနစ် ) ဘာရီဂင်္ဂါမြစ်ကို ထိန်းသိမ်းစောင့်ရှောက်ရန်အတွက် စက်ရုံ ၂၃၁ ခုကို ပိတ်သိမ်းရန် ဘင်္ဂလားဒေ့ရှ်တရားရုံး အမိန့်ထုတ်

Image
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့ရှိ ဘာရီဂင်္ဂါမြစ်ကို ကမ္ဘာ့ရေထု အညစ်ညမ်းဆုံးမြစ်များထဲတွင် တစ်ခုအပါအဝင် ဖြစ်လာစေခဲ့သည့် အကြောင်းရင်းဖြစ်သော စက်ရုံ ၂၃၁ ခုကို ပိတ်သိမ်းပစ်ရန် ဘင်္ဂလားဒေ့ရှ် အထက် တရားရုံးက အမိန့်ထုတ်ခဲ့ကြောင်း ရှေ့နေတစ်ဦးက ဇန်နဝါရီ ၂၁ ရက်တွင် ပြောကြားခဲ့သည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း မြစ်ရာပေါင်းများစွာ သွယ်တန်း စီးဆင်းလျက်ရှိသော်လည်း ကမ္ဘာ့ဒုတိယအကြီးဆုံး အထည်ချုပ်လုပ်ငန်း လုပ်ကိုင်ရာ ထိုနိုင်ငံ၌ မကြာသေးမီကာလအတွင်း စက်မှုလုပ်ငန်းဖွံ့ဖြိုး တိုးတက်လာခြင်းက စက်ရုံထွက်အညစ်အကြေးများ မြစ်များအတွင်းသို့ စွန့်ပစ်ခြင်းကိစ္စကို မသိချင်ယောင်ဆောင်ရန် ဘင်္ဂလားဒေ့ရှ်တာဝန်ရှိသူများအား လမ်းကြောင်းပေးသကဲ့သို့ ရှိနေသည်။ ဘာရီဂင်္ဂါမြစ်အတွင်းသို့ အညစ်အကြေးများ စွန့်ထုတ်နေသော ဆေးဆိုးစက်ရုံ၊ ရော်ဘာစက်ရုံ၊ သားရေနယ်စက်ရုံများအပါအဝင် စက်ရုံပေါင်း ၂၃၁ ခုကို ချက်ချင်း အရေးယူဆောင်ရွက်ရန် အထက်တရားရုံးက ဇန်နဝါရီ ၂၀ ရက်တွင် အာဏာပိုင်များအား အမိန့်ပေးခဲ့သည်။ စက်ရုံများ ပိတ်သိမ်းပစ်ရန် သမိုင်းဝင်ဆုံးဖြတ်ချက်ကို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး တက်ကြွလှုပ်ရှားသူများက ကြိုဆိုခဲ့ကြသည

၂၂.၁.၂၀၂၀ ( နံနက် ၈ နာရီ ၃၄ မိနစ် ) ‌စစ်ရေးလေ့ကျင့် မှုပူးတွဲစတင်ခဲ့ကြတဲ့ အီရန်၊ ရုရှား နှင့် တရုတ်နိုင်ငံတို့မှရေတပ်ဖွဲ့ဝင်များ

Image
အီရန်၊ ရုရှားနဲ့ တရုတ်နိုင်ငံတို့ကရေတပ်ဖွဲ့ဝင်တွေပါ၀င်တဲ့ ၄ ရက်ကြာရေကြောင်းပူးတွဲစစ်ရေးလေ့ကျင့်မှုကို အိန္ဒိယသမုဒ္ဒရာနဲ့ အိုမန်ပင်လယ်ပြင်အတွင်းစတင်ခဲ့ကြောင်းGlobal Security.com သတင်းအရ သိရှိရပါတယ်။ အိန္ဒိယသမုဒ္ဒရာရဲ့ အနောက်မြောက်ပိုင်းဒေသအတွင်း စစ်သင်္ဘောတွေတပ်ဖြန့်ချထားခြင်း၊ အိုမန်ပင်လယ်ကွေ့အတွင်းရှိ အီရန်နိုင်ငံရဲ့ Chabahar ဆိပ်ကမ်းကနေပြီး ၃ နိုင်ငံတို့ရဲ့စစ်သင်္ဘောတွေစတင်ထွက်ခွာခြင်းအခမ်းအနားတွေဖြင့် ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ဆောင်ရွက်ခဲ့ကြောင်း အီရန်ရေတပ်ဖွဲ့က ဒုတိယဗိုလ်ချုပ်ကြီး Gholanreza Tahani က ပြောကြားသွားခဲ့ပါတယ်။ စစ်ရေးလေ့ကျင့်မှုရဲ့အမည်က Marine Security Belt ဖြစ်ပြီး ရေပြင်ဧရိယာ ၁၇၀၀၀စတုရန်းကီလိုမီတာအတွင်း တပ်ဖြန့်စစ်ကစားသွားမှာဖြစ်ကြောင်း၊ ဒီစစ်ရေးလေ့ကျင့်မှုရဲ့ ပစ်ခတ်စဉ်လေ့ကျင့်ခန်းတွေမှာ ထိခိုက်ဒဏ်ရာရရှိမှုတွေ၊ ချေမှုန်းတိုက်ခိုက်ခံရပါက ရှာဖွေကယ်ဆယ်ရေးသင်္ဘောတွေနဲ့လုပ်ငန်းစဉ်တွေမှာလက်တွေ့ကျကျပါ၀င်လေ့ကျင့်ခြင်းတို့အပါအဝင် နည်းဗျူဟာပိုင်းဆိုင်ရာလေ့ကျင့်မှုအသီးသီးတို့ကို ထည့်သွင်းလေ့ကျင့်သွားမှာဖြစ်ကြောင်း၊ ဒါ့အပြင်စစ်ရေးလေ့ကျင့်မှုရဲ့ရည်ရွယ်ချက်တွေထဲက အဓိကအ

၂၀.၁.၂၀၂၀ ( နေ့လည် ၃ နာရီ ၁၅ မိနစ် ) တရုတ်နိုင်ငံတွင် အဆုတ်ရောင်ရောဂါ ကူးစက်ခံရသူ ၁၇ ဦး ထပ်တွေ့

Image
တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်မျိုးစိတ်သစ်ကြောင့် ဖြစ်တဲ့ အဆုတ်ရောင် ရောဂါကူးစက်သူ  ၁၇ ယောက် တွေ့ရှိတယ်လို့ တရုတ်အစိုးရက ဇန်နဝါရီ ၁၉ ရက်မှာ ထုတ်ပြန်ပါတယ်။ ဒါကြောင့် လူသန်းပေါင်း ရာချီပြီး ခရီးသွားကြမယ့် တရုတ်နှစ်သစ်ကူးကာလမှာ ကူးစက်မှု ဖြစ်နိုင်ခြေအတွက် စိုးရိမ်နေကြပါတယ်။ လူနာ ၃ ယောက်က အပြင်းအထန် ဖျားနာနေတယ်လို့ ဝူဟန် စည်ပင်ကျန်းမာရေး ကော်မရှင်က ကြေညာချက် ထုတ်ပြန်ပါတယ်။ လူနာအားလုံးဟာ တရုတ်နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့က ဖြစ်ပြီး ကူးစက်ခံရသူ လူနာ စုစုပေါင်း ၆၂ ယောက်ရှိခဲ့ပြီး ၂ ယောက် သေဆုံးခဲ့ပါတယ်။ ကူးစက်မြန် ပြင်းထန် အသက်ရှူလမ်းကြောင်းရောဂါ (SARS) အပါအဝင် ကိုရိုနာဗိုင်းရပ်စ် မိသားစုကြီးထဲက မျိုးစိတ်သစ်ကြောင့် တရုတ်နိုင်ငံမှာ ၂၀၀၂-၂၀၀၃ ခုနှစ်က လူအယောက် ၈၀၀ နီးပါး သေဆုံးခဲ့ဖူးပါတယ်။ အခုတွေ့ရှိတဲ့ မျိုးစိတ်သစ်ကတော့ လူတွေ ကြောက်နေကြသလောက် မဆိုးဘူးလို့ ကနဦး စမ်းသပ်လေ့လာတွေ့ရှိချက်တွေက ပြသနေတယ်လို့ အကြီးတန်းဆေးဘက်ပညာရှင် ၂ ယောက်ကို ကိုးကားပြီး တရုတ်အစိုးရရုပ်သံ စီစီတီဗွီက ဇန်နဝါရီ ၁၉ ရက်မှာ ထုတ်လွှင့်ပါတယ်။ ထိုင်းနဲ့ ဂျပန်နိုင်ငံတွေမှာလည်း ဒီဗိုင်းရပ်စ်သစ် ကူးစက်ခံရတဲ့ လူ

၂၀.၁.၂၀၂၀ ( နေ့လည် ၃ နာရီ ၈ မိနစ် ) ချာတာဥယျဥ်တွင် ဆန္ဒပြကြသော ထောင်နဲ့ချီသော လူဦးရေကို ရဲတပ်ဖွဲ့များက ဖမ်းဆီးခဲ့

Image
ဒီမိုကရေစီအရေး ပြုပြင်ပြောင်းလဲရေးအတွက် ဟောင်ကောင် ချာတာဥယျာဉ်မှာ ဇန်နဝါရီ ၁၉ ရက်က လူဦးရေ ထောင်နဲ့ချီ ဆန္ဒပြခဲ့ကြပြီး ရဲတွေက လူအတော်များများကို ဖမ်းခဲ့ပါတယ်။ ဒီပွဲကို စီစဉ်သူတွေက ကွန်မြူနစ်ဝါဒီတွေကို ဝန်းရံလုပ်ကြံခြင်းလို့ နာမည်ပေးထားပြီး ရဲတွေရဲ့ ရက်စက်မှုတွေကို ဆန့်ကျင် ဟောပြောခဲ့ကြတာပါ။ ဆန္ဒပြသူတွေဟာ အစောပိုင်းက မြို့တလျှောက်လမ်းတွေပေါ် ချီတက်ဖို့ ရည်ရွယ်ခဲ့တာပါ။ အရင်ချီတက်ပွဲတွေတုန်းက လုံခြုံရေးဆိုင်ရာ ဘေးအန္တရာယ်တွေနဲ့ ရုန်းရင်းဆန်ခတ်မှုတွေ ဖြစ်ခဲ့ဖူးလို့ ချီတက်တာ မလုပ်ဖို့ ရဲတွေက တားမြစ် ပိတ်ပင်ထားပါတယ်။ ဆန္ဒပြ ခွင့်ပြုထားတဲ့ နေရာကနေ တခြားကို ဘယ်သူမှ ထွက်မသွားအောင် ဟန့်တားဖို့ အနားက လမ်းတွေပေါ်မှာ အဓိကရုဏ်းနှိမ်နင်းရေး ရဲတွေ အကြီးအကျယ် စောင့်ကြပ်နေခဲ့ပါတယ်။ “တိုက်ပွဲ မပြီးသေးဘူး။ အစိုးရနဲ့ တကမ္ဘာလုံးက လူတွေကို ကျနော်တို့ တိုက်ပွဲဝင်နေတဲ့ အကြောင်း အသိပေးဖို့ လိုတယ်” လို့ ဆန္ဒပြသူ တယောက်က ချီတက်ပွဲတွေ ကျင်းပနေချိန်မှာ ပြောပါတယ်။ ဟောင်ကောင်မှာ အကြီးစားဆန္ဒပြပွဲတွေ အရပ်သား မငြိမ်သက်မှုတွေ ဖြစ်နေတာ လချီ ကြာနေပါပြီ။ ဗြိတိန်ကိုလိုနီဟောင်း ဟောင်ကောင်ဟာ တ

၂၀.၁.၂၀၂၀ ( နေ့လည် ၂ နာရီ ၄၈ မိနစ် ) ကမ္ဘာ့ခေတ်အမီဆုံး ရေငုပ်သင်္ဘောအုပ်တည်ဆောက်ဖို့ဒေါ်လာ ၂၂ ဘီလီယံကျော်သုံးစွဲမယ့် အမေရိကန်

Image
အမေရိကန်ရေတပ်ဟာ ဈေးအကြီးမြင့်ဆုံး သင်္ဘောတည်ဆောက်ရေး ကန်ထရိုက်ကို တနင်္လာနေ့မှာ ရရှိလိုက်ပါတယ်။ ဒါကတော့ ကမ္ဘာမှာ ခေတ်အမီဆုံး ရေငုပ်သင်္ဘောတွေ တည်ဆောက်ရေး အမေရိကန်ဒေါ်လာ ၂၂ ဒသမ ၂ ဘီလီယံကျော် ကန်ထရိုက်ချထားပိုင်ခွင့်ကို ရရှိလိုက်တာပါ။ တရုတ်ရဲ့ ကြီးထွားလာတဲ့ ရေတပ်တည်ဆောက်မှုကို သတိပေးရင်း ကာပြန်ရေးမှာ ရေငုပ်သင်္ဘော လုံလုံလောက်လောက် မရှိတာပဲ ဖြစ်တယ်လို့ ပစိဖိတ်ရေးရာ အမေရိကန်ရေတပ်အကြီးအကဲက ပြောဆိုပြီး လအတန်ကြာမှာ ဗာဂျင်းနီးယား အမျိုးအစား နျူကလီးယားစွမ်းအင်သုံး တိုက်ခိုက်ရေးရေငုပ်သင်္ဘော ကိုးစင်း တည်ဆောက်ရေး ကန်ထရိုက်ကို ရရှိတာပါ။ ဒါဟာဆိုရင် တရုတ်ရဲ့ ကြီးထွားလာတဲ့ စစ်ရေးပါဝါနဲ့ အနောက်ပစိဖိတ်မှာ ကျုးကျော်တဲ့ လုပ်ရပ်တွေကို တုံ့ပြန်ရေးအတွက် အမေရိကန်ရဲ့ နောက်ဆုံး လုပ်ဆောင်ချက်ချက်တစ်ရပ်ဖြစ်တယ်လို့ အမေရိကန် ပစိဖိတ်ကွပ်ကဲရေး ပူးတွဲထောက်လှမ်းရေးဌာန ညွှန်ကြားရေးမှူးဟောင်း ကားရှူစတာက ပြောပါတယ်။ “တရုတ်ရေတပ်က ပိုမိုကောင်းမွန်လာပြီး ကြီးထွားလာနေတယ်။ ဒါကြောင့် အမေရိကန်ရေတပ်အနေနဲ့ တုံ့ပြန်ရမှာ ဖြစ်ပါတယ်။ ဒါဟာ တရုတ်ကို ရန်သူအဖြစ် သတ်မှတ်လိုက်တာ မဟုတ်ဘူး။ ဒါပေမယ့် တရုတ်ရဲ့ လုပ်ရပ်တွေက စောင့

၂၀.၁.၂၀၂၀ ( နေ့လည် ၁၂ နာရီ ၃၇ မိနစ်) တရုတ် ဗိုင်းရပ်စ်ဆန်း မြို့ကြီးများဆီ ကူးစက်ပျံ့နှံ့ ၊ နောက်ထပ် လူ ၁၄၀ နီးပါး ထပ်မံကူးစက်ခံထားရ

Image
ဇန်နဝါရီ ၂၀။ ။ တရုတ်နိုင်ငံတွင် SARS ရောဂါပိုးနှင့် ဆက်နွယ်သည့် နမိုးနီးယား ဗိုင်းရပ်စ်ပိုးသစ်တစ်မျိုးကြောင့် တတိယမြောက် လူနာတစ်ဦး ထပ်မံ သေဆုံးသွားခဲ့ပြီး ယခုအခါ ယင်းရောဂါပိုးသည် နိုင်ငံတစ်ဝန်း ကူးစက်ပျံ့နှံ့လာခဲ့ပြီ ဖြစ်ကြောင်း သိရသည်။ SARS ရောဂါပိုးနှင့် ဆက်နွယ်သည့် ရောဂါပိုးဆန်းတစ်မျိုးကြောင့် တရုတ်၌ ဒုတိယမြောက် လူတစ်ဦး သေဆုံးပြန် နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့တွင် ကနဦး စတင်ကူးစက်ဖြစ်ပွားခဲ့သော အဆိုပါ အဆုတ်ရောင် ရောဂါဗိုင်းရပ်စ်ဆန်းသည် ယခုအခါ မြို့တော် ပေကျင်းအပါအဝင် အခြား မြို့များဆီ ကူးစက်ပျံ့နှံ့နေပြီဖြစ်ကြောင်း အာဏာပိုင် များက ဇန်နဝါရီ ၂၀ ရက်တွင် ပြောသည်။ နှစ်ရက်တာအတွင်းမှာပင် နောက်ထပ် လူ ၁၃၉ ဦး ယင်းဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရသည်ကို ထပ်မံတွေ့ရှိခဲ့ကြောင်း သိရသည်။ ယင်းအတွက်ကြောင့် နိုင်ငံတွင် အဆိုပါ နမိုးနီးယား ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ စုစုပေါင်း ဦးရေမှာ ယခုအခါ ၂၀၁ ဦးအထိ ရှိသွားပြီ ဖြစ်သည်။ ယခု ဖြစ်ပွားနေသော ကိုရိုနာ ဗိုင်းရပ်စ်ပိုး အမျိုးအစားသည် ယခင် ဖြစ်ပွားထားခဲ့ဖူးသော SARS ရောဂါပိုးနှင့် ဆက်နွယ်နေသည့်အတွက်ကြောင့်လည်း လက်ရှိအချိန်တွင် တရုတ်ပြ

၂၀.၁.၂၀၂၀ ( နေ့လည် ၁၂ နာရီ ၃၀ မိနစ်) ဂျာမနီက ၂၀၃၅ ခုနှစ်မတိုင်မီ ကျောက်မီးသွေး အသုံးပြုမှု ရပ်ဆိုင်းနိုင်ရန် ကြိုးပမ်းနေ

Image
ရာသီဥတုပြောင်းလဲမှုနှင့် ပတ်သက်၍ အများပြည်သူ၏ ဖိအားပေးမှုကို ဦးညွှတ်လျက် ဂျာမနီသည် ကျောက်မီးသွေးစွမ်းအင် သုံးစွဲမှုမှ နိဂုံးချုပ်ရန် ကြိုးပမ်းမှုကို အရှိန်မြှင့် တင်သွားရန်နှင့် ကျောက်မီးသွေး စွမ်းအင်ကုမ္ပဏီများကိုလည်း လျော်ကြေးပေးရန် ဇန်နဝါရီ ၁၆ တွင် ကတိပြုခဲ့သည်။ ကျောက်မီးသွေး အသုံးပြုမှုများသည် ယခင်စီစဉ်ထားခဲ့သော ၂၀၃၈ ခုနှစ်အစား ၂၀၃၅ ခုနှစ်မတိုင်မီ သမိုင်းဖြစ်သွားနိုင်ကြောင်း ကြေညာမှုနှင့်အတူ ထိုအစီအစဉ်အား ယခုစတင်နေပြီး ယင်းသည် ဝတ္တရားအရ လိုက်နာရမည်ဖြစ်ကြောင်း သဘာဝပတ်ဝန်းကျင်ဆိုင်ရာဝန်ကြီး Svenja Schulze က ဘာလင်တွင် သတင်းထောက်များအား ပြောကြားခဲ့သည်။ နိုင်ငံ၏ ကျောက်မီးသွေးစွမ်းအင်စက်ရုံများအား ပိတ်ပင်ရန် အစီအစဉ်ကို ဝန်ကြီးချုပ် အင်ဂျလာမာကယ်နှင့် Saxony – Anhalt၊ Saxony North Rhine - Wesphalia နှင့် Brandenburg ပြည်နယ်များမှ ဝန်ကြီးများက သဘောတူခဲ့ကြသည်။ ထိုစီမံချက်အား ဥပဒေကြမ်းအဖြစ် ရေးဆွဲပြီး ယခုလနှောင်းပိုင်းတွင် တင်သွင်းကာ နောက်ပိုင်းတွင် အတည်ပြုသွားရန် စီစဉ်ထားသည်။ ၂၀၂၀ ပြည့်လွန်နှစ်များတွင် လည်ပတ်မှု ရပ်ဆိုင်းကြမည့် ကျောက်မီးသွေးစွမ်းအင်သုံး စက်ရုံကုမ္ပဏီများအား

၂၀.၁.၂၀၂၀ ( နေ့လည် ၁၂ နာရီ ၂၅ မိနစ်) လက်ဘနွန်တွင် ရဲတပ်ဖွဲ့နှင့် ဆန္ဒပြသူများအကြား ရုန်းရင်းဆန်ခတ်မှု ဖြစ်ပွားခဲ့ပြီး လူပေါင်း ၂၂၀ ကျော် ထိခိုက်ဒဏ်ရာရ

Image
အစိုးရဆန့်ကျင်ဆန္ဒပြမှုများ လုပ်ဆောင်ခဲ့သည့် သုံးလအတွင်း လူအရေအတွက် အများဆုံးပါဝင်သော ဆန္ဒပြမှုတစ်ခု ဇန်နဝါရီ ၁၈ ရက်က လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့၌ ဖြစ်ပွားခဲ့ပြီး ဆန္ဒပြမှုအတွင်း ရဲ တပ်ဖွဲ့နှင့်ဆန္ဒပြသူများအကြား ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပွားခဲ့ခြင်းကြောင့် နှစ်ဖက်စလုံးမှ လူ ၂၂၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ဘေရွတ်မြို့တစ်ဝန်းတွင် လူနာတင်ယာဉ်၏ အချက်ပေးဥသြသံများဖြင့် ဆူညံလျက်ရှိနေပြီး ရုန်းရင်းဆန်ခတ်မှုအတွင်း ဒဏ်ရာရခဲ့သူ ၈၀ ကို ဆေးရုံသို့ ပို့ဆောင်ပေး ထားပြီး လူ ၁၄၀ ကျော်ကို ဆန္ဒပြမှုလုပ်ဆောင် ရာနေရာ၌ပင် ဆေးကုသပေးခဲ့ကြောင်း ကြက်ခြေနီအဖွဲ့က ပြောကြားထားသည်။ ဆန္ဒပြလှုပ်ရှားမှုသည် အောက်တိုဘာ ၁၇ ရက်ကတည်းက လက်ဘနွန်တွင် ဖြစ်ပွား ခဲ့ခြင်းဖြစ်ကာ နိုင်င့ံစီးပွားရေးအကျပ်အတည်း ဖြစ်နေခြင်းက အစိုးရအဖွဲ့သစ် ဖွဲ့စည်းမည့် ကိစ္စအပေါ် ဖိအားတိုးနေစဉ် ယခုသီတင်း ပတ်အတွင်း ဆန္ဒပြမှုများ တစ်ကျော့ပြန် ဖြစ် ပွားခဲ့ခြင်းဖြစ်သည်။ အစိုးရအဖွဲ့ ဖွဲ့စည်းရာတွင် အမှီအခို ကင်းသော ကျွမ်းကျင်ပညာရှင်များဖြင့်သာ ဖွဲ့စည်းရန်နှင့် ထူထောင်ပြီးဖြစ်သော နိုင်ငံ ရေးပါတီများအားလုံးကို ဖယ်ထုတ်ထားရန် ဆန္ဒပ

၁၄.၁.၂၀၂၀ ( နံနက် ၁၁ နာရီ ၄၀မိနစ်) ဂျာမနီတွင် ဒုတိယကမ္ဘာစစ်ကာလ ဗုံးဟောင်းနှစ်လုံး တွေ့ရှိသဖြင့် ပြည်သူအများ အရေးပေါ်ရွှေ့ပြောင်းကာ ဗုံးကို ရှင်းလင်း

Image
ဂျာမနီနိုင်ငံ အနောက်ပိုင်း ဒေါ့မွန်မြို့တွင် ဒုတိယကမ္ဘာစစ်ကာလ ဗုံးဟောင်းနှစ်လုံး တွေ့ရှိရသဖြင့် ထောင်သောင်းချီသော ဒေသခံများကို အရေးပေါ် ရွှေ့ပြောင်းစေပြီးနောက် ဗုံးနှစ်လုံးကို ဇန်နဝါရီ ၁၂ ရက်တွင် အသက်မဲ့အောင်ပြုလုပ်ကာ အောင်မြင်စွာ ဖယ်ရှားလိုက်နိုင်ကြောင်း သိရသည်။ ဗုံးများသည် ပေါင် ၃၃၀ စီ (၂၅၀ ကီလိုဂရမ်) အလေးချိန်ရှိသော အမေရိကန်နှင့် ဗြိတိန်ဗုံးများဖြစ်ကြောင်း သိရသည်။ ဆောက်လုပ်ရေးလုပ်ငန်းအတွက် မြေတူးစဉ် ဗုံးများကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ကနဦးတွင် ဗုံးလေးလုံးထိ ထောက်လှမ်းတွေ့ရှိကြောင်း အာဏာပိုင်များက ထင်မှတ်ခဲ့သော်လည်း တကယ်တမ်းတွင် ဗုံးနှစ်လုံးသာဖြစ်ကြောင်း နောက်ပိ်ုင်းတွင် ထုတ်ပြန်ခဲ့သည်။ ဗုံးရှင်းလင်းမည့်ဧရိယာအတွင်း ပေါက်ကွဲပါက အန္တရာယ်ရှိနိုင်သည့် နေအိမ်များ၊ ရုံးများမှ လူအများကို ဘေးကင်းရာ ရွှေ့ပြောင်းပေးခဲ့သည်။ ဆေးရုံနှစ်ရုံကိုလည်း ရွှေ့ပြောင်းပေးခဲ့ရပြီး ရွှေ့ပြောင်းရသူများ ယာယီနေထိုင်နိုင်ရန် ကျောင်းများတွင် နေရာချထားပေးခဲ့သည်။ ဗုံးရှင်းလင်းနိုင်ရန်အတွက် မြို့ခံ ၁၄၀ဝ၀ ခန့်ကို အရေးပေါ် ရွှေ့ပြောင်းခိုင်းခဲ့ရကြောင်း ဒေါ့မွန်မြို့ အုပ်ချုပ်ရေးအဖွဲ့က ပြောသည်။ ဘူတာရုံတစ

၁၄.၁.၂၀၂၀ ( နံနက် ၁၁ နာရီ ၃၀မိနစ်) ထိုင်ဝမ်နှင့်ပတ်သက်သော ရပ်တည်ချက်မပြောင်းလဲကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်

Image
ထိုင်ဝမ်သည် ၎င်းတို့ပိုင်နက်ဖြစ်သည်ဆိုသည့် ရပ်တည်ချက်ကို ပြောင်းလဲမည်မဟုတ်ဘဲ တစ်ကမ္ဘာလုံးသည် တရုတ်တစ်နိုင်ငံတည်းဝါဒကို လက်ခံလာရမည်ဖြစ်ကြောင်း တရုတ်အစိုးရက ထိုင်ဝမ်သမ္မတ ဆိုင်အင်ဝမ် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့ပြီးနောက် ဇန်နဝါရီ ၁၂ ရက်တွင် ထုတ်ပြန်ပြောဆိုခဲ့သည်။ ဟောင်ကောင်တွင် ကျင့်သုံးနေသည့် တစ်နိုင်ငံစနစ်နှစ်ခုကို ထိုင်ဝမ်လက်ခံလာရေး တရုတ်အစိုးရသည် နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်းလျက်ရှိနေသည်။ ထိုင်ဝမ်နှင့် ပြည်သူများသည် တရုတ်၏ ခြိမ်းခြောက်မှုများကြောင့် အလျှော့ပေးမည်မဟုတ်ကြောင်း ဆိုင်က ရွေးကောက်ပွဲတွင် အနိုင်ရရှိပြီးနောက် ပြောဆိုခဲ့သည်။ ထိုင်ဝမ်အရေးသည် တရုတ်၏ ပြည်တွင်းရေးသာဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောဆိုခဲ့သည်။ ထိုင်ဝမ်ပြည်တွင်းရေးတွင် မည်သည့်အပြောင်းအလဲများရှိပါစေ တရုတ်တစ်နိုင်ငံတည်းသာရှိပြီး ထိုင်ဝမ်သည် တရုတ်၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်ဆိုသည့် အခြေခံအချက်သည် ပြောင်းလဲသွားမည်မဟုတ်ကြောင်း ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ ထို့ပြင် တရုတ်အစိုးရသည် တရုတ်တစ်နိုင်ငံတည်း မူဝါဒကိုပြောင်းလဲစရာမရှိဘဲ ထိုင်ဝမ်၏ လွတ်လပ်ရေး ကြိုးပမ်းမှုမှန်သမျှကို ဆန့်ကျင်